Breaking News

ရည်မှန်းချက်

အစိုးရနည်းပညာအထက်တန်းကျောင်း(မင်းတပ်)သည် သင်ယူသူတို့အား အလုပ်အကိုင် ရရှိရန်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် အသိပညာရပ်များ၊ ကျွမ်းကျင်မှုများနှင့် တတ်ကျွမ်းမှုများကို သင်ကြားပေးရန်ဖြစ်ပါသည်။ ထူးချွန်သူများကို တစ်ဆင့်မြင့်သင်တန်း တက်ရောက်ခွင့်ရရန်နှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြုကာလတို သင်တန်းများ ဖွင့်လှစ်ပြီး ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေး၍ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

မျှော်မှန်းချက်

စီးပွားရေးကဏ္ဍအသီးသီးရှိ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အရည်အသွေးမြင့်မားသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားများ သည်လည်း NSSA ၏ ကျွမ်းကျင်မှုစံနှုန်းများနှင့်အညီ အရည်အသွေးအာမခံနိုင်ရန် ရည်မှန်းပါသည်။

နောက်ခံသမိုင်းကြောင်း

ဖွဲစည်းတည်ဆောက်ခဲ့သည့်ခုနှစ်သမိုင်းကြောင်း ( ၉-၈-၁၉၈၂ မှ ၂၁-၁၀-၂၀၀၇ ) - လက်မှုပညာသင်တန်းကျောင်း ( ၂၂-၁၀-၂၀၀၇ မှ ၂၁-၄-၂၀၁၀ ) - အတက်ပညာလေ့ကျင့်ရေးသင်တန်ကျောင်း (မင်းတပ်) ( ၂၂-၄-၂၀၁၀ မှ ယနေ့ထိ ) - အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်) တည်နေရာ...